Terms and Condition
‘မျက်လှည့်’ ဝန်ဆောင်မှု ၏ စည်းမျဉ်းစည်းကမ်းများ
“မျက်လှည့်” ဝန်ဆောင်မှု ၏ စည်းမျဉ်းစည်းကမ်းများ
“မျက်လှည့်” ဝန်ဆောင်မှုကိုအသုံးမပြုမီ ဤစည်းမျဉ်းစည်းကမ်းများကို
ဖတ်ရှုနားလည်သိရှိထားရန်လို အပ်ပါသည်။
ဤစည်းမျဉ်းစည်းများအရ “မျက်လှည့်” ဝန်ဆောင်မှု ကို စီမံဆောင်ရွက်လျှက်ရှိပါသည်။
သင်သည် “မျက်လှည့်” ဝန်ဆောင်မှု သို့ ဝင်ရောက်အသုံးပြုနေသူဖြစ်ပါက
ဤစည်းမျဉ်းစည်းကမ်းများကို သဘောတူလက်ခံပြီးဖြစ်ကြောင်း အတည်ပြုပါသည်။ ဤစည်းမျဉ်း
စည်းကမ်းများ၏ အကြောင်းအရာတစ်ခုခုကို လက်ခံသဘောတူညီမှုမရှိပါက “မျက်လှည့်”
ဝန်ဆောင်မှု ကို အသုံးပြုနိုင်မည် မဟုတ်ပါ။
User ကန့်သတ်ချက်
၁။ “မျက်လှည့်” ဝန်ဆောင်မှုအား MPT ဆင်းမ်ကတ်အသုံးပြုသူများအားလုံး အခပေးစနစ်ဖြစ်
အသုံးပြုနိုင် ပါသည်။ MPT ဆင်းမ်ကတ်ပိုင်ရှင် သို့မဟုတ် ဆင်းမ်ကတ်အသုံးပြုရန်
ပိုင်ရှင်၏ခွင့်ပြုချက် ရရှိထားသူများကို အခပေး သုံးစွဲသူအဖြစ် သတ်မှတ်သွားမည်ဖြစ်သည်။
၂။ “မျက်လှည့်” ဝန်ဆောင်မှုအား အသုံးပြုသူသည် အောက်ဖော်ပြပါ စည်းကမ်း
သတ်မှတ်ချက်များကို သဘော တူညီမှုပြုလုပ်ရန်လိုအပ်ပါသည်။
စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ခြင်း
၁။ ။ စည်းမျဉ်းစည်းကမ်းများကို လိုအပ်သည့်အချိန်၌ ပြင်ဆင်ခြင်း သို့မဟုတ် ဖြည့်စွက်ခြင်း စသည်တို့အားလုပ်ပိုင်ခွင့်ရှိပါသည်။ ထိုဆောင်ရွက်မှုများ အကောင်အထည်ပေါ်လာပါက စည်းမျဉ်းစည်းကမ်း အသစ်များကို စတင်အသုံးမပြုမီ ၁၅ ရက်ခန့် ကြိုတင်၍ အကြောင်းကြားနိုင်ရန်ကြိုးစားပါမည်။
၂။ ။ “မျက်လှည့်” ဝန်ဆောင်မှုကို အခပေး အသုံးပြုနေသော သူများအတွက် အခါအားလျှော်စွာ ကျင်းပပြု လုပ်လေ့ ရှိသော Promotion များနှင့် အခြားသော Campaign များအတွက် လိုအပ်သောစည်းမျဉ်းစည်းများကို လိုအပ်သလို ထုတ်ပြန် ကြေငြာသွားမည်ဖြစ်ပြီး အငြင်းပွားမှုကိစ္စ အကြောင်းအရာ တစ်စုံတစ်ရာ ရှိခဲ့ပါက “မျက်လှည့်” ဝန်ဆောင်မှု ဆုံးဖြတ်ချက် အတိုင်းသာ သဘောတူ နားလည်ပြီး လိုက်နာဆောင်ရွက်ရမည်ကို သိရှိပြီးဖြစ်ပါသည်။
၃။ ။ သုံးစွဲမှုအတွက် ပြည့်မီရမည့်သတ်မှတ်ချက်
ဤဝန်ဆောင်မှုသည် အသက်တစ်ဆယ့်ရှစ် (၁၈) နှစ် သို့မဟုတ် ၎င်းအထက်ရှိ (MPT SIM
အသုံးပြု နေသည့်) MPT သုံးစွဲသူများအတွက်သာ ရည်ရွယ်ပါသည်။ အကယ်၍လူကြီးမင်းသည်
အသက်တစ်ဆယ့်ရှစ် (၁၈) နှစ် အောက် ဖြစ်ပါက ဥပဒေအရ မိဘ သို့မဟုတ် အုပ်ထိန်းသူ
ခွင့်ပြုချက်ရှိပြီး စည်းကမ်းချက်များကို ချုပ်ဆိုရန် စွမ်းဆောင်ရည်နှင့်
အရည်အချင်းအပြည့်အဝရှိမှသာလျှင် ဤဝန်ဆောင်မှု ကိုအသုံးပြုနိုင်ပါမည်။
အဖိုးအခ ကောက်ခံခြင်း
လက်ရှိအသုံးပြုလျက်ရှိသော “မျက်လှည့်”ဝန်ဆောင်မှုသည် စာရင်းပေးသုံးစွဲ
သောဝန်ဆောင်မှု ရယူထားရန် လိုအပ်ပါသည်။ “မျက်လှည့်” ဝန်ဆောင်မှု အတွက် တစ်ရက်လျှင်
၉၉ ကျပ် သာ ကျသင့်မည်ဖြစ်ပါသည်။ အဖိုးအခ ကောက်ခံသည့် အကြိမ်ရေမှာ စဉ်ဆက်မပြတ်
နေ့စဉ် ကောက်ခံမှုရှိ သည့် ၃၆၅ ရက် ပက်ကေ့ချ် ဖြစ်ပါသည်။ စာရင်းပေးသုံးစွဲမှုအမျိုးအစား
ဝန်ဆောင်မှု၏ တရားဝင်မှု ကာလမှာ ၃၆၅ ရက်ဖြစ်ပါသည်။
လူကြီးမင်း၏လက်ကျန်ငွေမလုံလောက်လျှင်အဖိုးအခကောက်ခံမည်မဟုတ်ပါ။
မည်သည့်အကြောင်းကြောင့် ငွေကောက်ခံခြင်းမရှိပါက လူကြီးမင်းအနေဖြင့်
ထိုနေ့အတွက်ဝန်ဆောင်မှုအသုံးပြုနိုင်မည်မဟုတ်ပါ။
လက်ကျန်ငွေလုံလောက်သည့်အချိန်မှသာ အဖိုးအခကောက်ခံခြင်းနှင့်
ဝန်ဆောင်မှုအသုံးပြုခြင်းအား ဆက်လက် လုပ်ဆောင်ပါမည်။
Application အားအသုံးပြုရန် အောင်မြင်စွာ စာရင်းပေးသွင်းပြီးပါက SMS
ပေးပို့သွားမည်ဖြစ်သည်။
နောက်ကြောင်းပြန်၍ ငွေကောက်ခံခြင်းပြုလုပ်မည်မဟုတ်ပါ။ မည်သည့်အကြောင်းကြောင့်
ငွေကောက်ခံ ခြင်းမရှိလျှင် ထိုနေ့များအတွက် လူကြီးမင်းထံမှ
အဖိုးအခကောက်ခံမည်မဟုတ်ပါ။
လူကြီးမင်းအနေဖြင့် စာရင်းပေးသုံးစွဲမှုကို အတည်ပြုပြီး လူကြီးမင်းကို
ငွေကောက်ခံသည့် နေ့မှစ၍ လူကြီး မင်းကို တစ်ဆက်တည်း ရက်ပေါင်း (၉၀) အတွက်
ငွေကောက်ခံထားခြင်း မရှိပါက စာရင်းပေးသုံးစွဲမှု အလိုလျောက်ရပ်စဲမည်ဖြစ်သည်။
အကယ်၍ ဝန်ဆောင်မှုကို အခမဲ့မဟုတ်သော စမ်းသပ်အသုံးပြုသည့် ကာလတစ်ခုအတွက်
စာရင်းပေးသုံးစွဲ ရန် တောင်းဆိုမှုပြုလုပ်ပြီး လူကြီးမင်းထံတွင် လုံလောက်သော
ငွေလက်ကျန်မရှိပါက ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်းအား နောင်လာမည့် တစ်ဆက်တည်း
နေ့ရက် သုံး(၃) ရက်အတွင်း ငွေကောက်ခံရန် ကြိုးပမ်းသွား ပါမည်။ လူကြီးမင်းတွင်
လုံလောက်သော ငွေလက်ကျန်မရှိဘဲ ထိုတစ်ဆက်တည်း (၃) ရက်အတွင်း ငွေ ကောက်ခံမရရှိပါက
ဝန်ဆောင်မှု စာရင်းပေးသုံးစွဲရန် တောင်းဆိုမှု အလိုအလျောက် ရပ်စဲမည်ဖြစ်သည်။
လူကြီးမင်း၏ အကြောင်းအရာအား ရှာဖွေမှုပြုခြင်းနှင့် ဒေါင်းလော့လုပ်ခြင်းအတွက်
ဒေတာအဖိုးအခ ကျသင့် ပါမည်။ ကောက်ခံမှုအားလုံးတွင် ကုန်သွယ်ခွန် ၅% ပါဝင်မည်ကို
သတိပြုပါ။
ဝန်ဆောင်မှုအတွက် စာရင်းပေးသုံးစွဲခြင်းအပါအဝင် ၎င်းချည်းသာဟု ကန့်သတ်မထားဘဲ
လူကြီးမင်း၏မိုဘိုင်း အင်တာနက်ကို မျှဝေသုံးစွဲသည့် တတိယပုဂ္ဂိုလ်တစ်ဦးဦး၏
ပြုမူဆောင်ရွက်ချက်အတွက် လူကြီးမင်းတွင် တာဝန်ရှိပါသည်။
အဆိုပါ စည်းကမ်းချက်များ သည် လူကြီးမင်းအနေဖြင့် စာရင်းပေး
သုံးစွဲမှုကိုရပ်တန့်ခြင်း သို့မဟုတ် အဆိုပါ စည်းကမ်းချက်များအရ ဝန်ဆောင်မှု
အလိုအလျောက် ရပ်စဲခြင်း အချိန်ထိ တရားဝင် တည်ရှိမည်ဖြစ်သည်။
သဘောတူညီချက်ကာလ
ဤစည်းမျဉ်းစည်းကမ်းများသည် Myanmar Teleapex Co.LTD ၏ Magic Application နှင့် သုံးစွဲသူကြား သဘောတူညီချက် ဖြစ်ပြီး Myanmar Teleapex Co.LTD မှ အချိန်မရွေး ပြုပြင်ပြောင်းလဲနိုင်သည်။ ဤသဘောတူညီချက်သည် Application စတင်အသုံးပြုသည့်နေ့မှစ၍ အကျုံးဝင်မည်ဖြစ်ပြီး မသုံးစွဲတော့သည်အထိတိုင် ဤစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာကျင့်သုံးရမည်ဖြစ်သည်။ ဝန်ဆောင်မှုရယူပြီးပါက တစ်ရက်လျှင် ဝန်ဆောင်ခအနေဖြင့် ၉၉ကျပ်နှုန်းဖြင့် ကောက်ခံသွားမှာ ဖြစ်ပါတယ်။ နားလည်မှုလွဲခြင်း ကိစ္စရပ်များအား ရှောင်ရှားရန်အတွက် ဝန်ဆောင်မှုစတင်အသုံးပြုသည့်နေ့စွဲအား စာရင်းပေးသွင်းသည့်နေ့စွဲအတိုင်းဖြစ်ကြောင်း ယူဆမည်ဖြစ်သည်။